Subscribe:

Pages

လှိုက်လဲစွာကြိုဆိုပါသည်...........

Sunday, July 3, 2011

ဂုဏ်တော်ကိုးပါး ဂြိုလ်သက်အလိုက် ပုတီးစိပ်အဓိဌာန်နည်း

ဒါလေးကဂုဏ်တော်ကိုးပါးကို ဂြိုလ်သက်အလိုက် စိပ်တဲ့အဓိဌာန်နည်းတစ်ခုလေးပါ။ တချို့ကလူကြီးတွေကပြောကြတယ် အဓိဌာန်တာဟာ တစ်ခုတည်းကိုစွဲစွဲမြဲမြဲလုပ်တာကောင်းတယ်လို့

ဆိုလိုချင်တာက ဂုဏ်တော်ကိုးပါးနဲ့အဓိဌာန်ရင် အဲ့ဒီဂုဏ်တော်ကိုးပါးတစ်ခုထဲကိုပဲစွဲလုပ်ရမယ်၊ ဒါမှမဟုတ် သရဏဂုံသုံးပါးကို အဓိဌာန်ရင် အမြဲသရဏဂုံသုံးပါးကိုပဲစိတ်ရမယ်ပေါ့။ သူပြောချင်တာကအမျိုးမျိုးလုပ်နေမယ့်အစား တစ်ခုခုကိုပဲအဆုံးထိရောက်အောင်လုပ်ရမယ်ဆိုတဲ့သဘောပါ။

တချို့လူတွေကျတော့ ဘာကိုပဲအဓိဌာန်ဌာန် အဓိကက ယုံကြည်သက်ဝင်မှုပါပဲတဲ့ ဘာမဆိုပေါ့နော်။

မေလေးကတော့နှစ်ခုလုံးကိုထောက်ခံပါတယ် အရေးကြီးတာက ကိုယ်ဘာကိုအဓိဌာန်မလဲ ဥပမာဂုဏ်တော်ကိုးပါးကိုအဓိဌာန်မယ်ဆိုရင် အဲ့ဒီဂှုဏ်တော်ကိုးပါးရဲ့အနက်အဓိပ္ပါယ်ကို နှလုံးသွင်းဆင်ခြင် ယုံကြည်သက်ဝင်နိုင်ရင်ဘာအဓိဌာန်ဌာန်ဖြစ်ဖြစ်အောင်မြင်ပါလိမ့်မယ်။

ဒီအဓိဌာန်လေးလဲသေချာယုံယုံကြည်ကြည်နဲ့လုပ်ကြည့်ရင်အကျိုးထူးလာပါလိမ့်မယ်ဒါကြောင့် ဒီဘလော့ပို့စ်လေးကို သူငယ်ချင်းတွေဆီဖြန့်ဝေလိုက်တာပါ။





ဘုရားဂုဏ်တော်(၉)ပါးဖြင့် ဂြိုလ်တိုင်ခွင်ဘုရားများအား ပုတီးစိတ်ပူဇော်ပုံ

၁။ တနင်္ဂနွေနေ့ “အရဟံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၆)ပတ် စိတ်ပါ။

၂။ တနင်္လာနေ့ “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၅)ပတ် စိတ်ပါ။

၃။ အင်္ဂါနေ့ “၀ိဇ္ဇာစရဏသမ္ပန္နော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၈) ပတ် စိတ်ပါ။

၎။ ဗုဒ္ဓဟူးနေ့ (နံနက်) “သုဂတော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၇) ပတ် စိတ်ပါ။

၅။ ဗုဒ္ဓဟူးနေ့ (ညနေ) “လောက၀ိဒူ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၂) ပတ် စိတ်ပါ။

၆။ ကြာသပတေးနေ့ “အနုတ္တရောပုရိသဓမ္မသာရထိ” ။ ။ (၁၉) ပတ် စိတ်ပါ။

၇။ သောကြာနေ့ “သတ္တဒေ၀မနုဿနံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၂၁) ပတ် စိတ်ပါ။

၈။ စနေနေ့ “ဗုဒ္ဓေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။

၉။ စနေနေ့(အခြားအချိန်) “ဘဂ၀ါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။



ပုတီးစိတ်နည်းနှင့် ဆုတောင်းပုံ

ဘုရားတပည့်တော်သည် ဤနေ့၊ ဤရက်(တနင်္ဂနွေ) နေ့မှစ၍ စနေနေ့တိုင်အောင်(၇) ရက်တိတိ ဘုရားဂုဏ်တော်(၉)ပါးကို နေ့စဉ်ဂြိုလ်သက်အလိုက် ပွားများအားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။

ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့် လောကတွင် ဆရာတစ်ဆူဖြစ်၍ လိုအပ်သော ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံရပါလို၏ဘုရား(သို့မဟုတ်) မိမိလိုရာဆိုတောင်းပါ။

ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ပတ်” ပုတီးစိတ်၍ ပူဇော်ပါမည်ဘုရား။



ဤသို့ပူဇော်ရသောအကျိုးအားကြောင့်…..

(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာစောင့်ရှောက်ပါစေသတည်း။

(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစသေတည်း။

(၃)(တနင်္ဂနွေနေ့ဖွား) ယောက်ျား၊ မိန်းမအပေါင်းနှင့် သတ္တ၀ါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။

(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပါစေသတည်း။



ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုလ်အလိုက်/ဂြိုလ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိတ်ပါ။ ဥပမာ-တနင်္လာနေ့တွင်စိတ်လျှင် ဂြိုလ်မှာတနင်္လာဂြိုလ်ဖြစ်ပြီးတော့၊ ဂြိုလ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက်ကြောင့် (၁၅) ပတ်စိတ်ရပါမည်။ ဂုဏ်တော်အားဖြင့် “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြစ်ပါသည်။



အကျိုးကျေးဇူး

(၇)ရက် (၇)ကြိမ်၊ စုစုပေါင်း(၄၉)ကြိမ် ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအ၀ယ်စသည်များ စတင်ထူးခြားမည်။ ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။(အမြဲစိတ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့်ပြည့်စုံခြင်းတို့ဖြစ်မည်။)

1 comments:

Anonymous said...

လောဘအတွက် လိုချင်တပ်မက်စိတ်အတွက် ပုတီးစိတ်ခြင်းဟာ ကုသိုလ်လည်းမရ အကုသိုလ်လည်းမဖြစ်တဲ့ အချိန်ဖြုန်းခြင်းသတ်သတ်တစ်ခု လို့ထင်မြင်မိပါကြောင်း ။
( ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။(အမြဲစိတ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့်ပြည့်စုံခြင်းတို့ဖြစ်မည်။) )

ဒါတွေဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဘယ်တရားတော်ထဲမှာမှ မပါဝင်ပါဘူး ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဖြစ်စေချင်တဲ့ စေတနာ အမှန်နဲ့ ထောက်ပြခြင်းသာဖြစ်တာမို့ စိတ်ဆိုးမယ် ဆိုလည်း ခံယူဝံ့ပါတယ်

Post a Comment