Subscribe:

Pages

လှိုက်လဲစွာကြိုဆိုပါသည်...........

Wednesday, November 23, 2011

ဗွီဒီယိုမှာ အင်္ဂလိပ်စာနဲ့ တခြား ဘာသာစကားတွေစာတန်းထိုးစေချင်ရင်

အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေအတွက် ဗွီဒီယိုကြည့်ရင်း အင်္ဂလိပ်စာတန်းထိုးတွေနဲ့ ကြည့်ချင်ပေမဲ့ ဒေါင်းလုဒ်လုပ်ပြီးကြည့်တဲ့ ဗွီဒီယိုတွေမှာ စာတန်းထိုး ပါမလာခဲ့ရင် ကိုယ့်ဘာသာကိုယ် စာတန်းထိုးပြီး ကြည့်လို့ရပါတယ်။ ကိုယ်ကြည်မဲ့ဗီဒီယိုဇာတ်ကားရဲ့နာမည် ဥပမာ Swordfish ဆိုတဲ့ ဇာတ်ကားကို စာတန်း ထိုးချင်တယ်ဆိုရင် အခု အောက်မှာ ပေးထားတဲ့ လင့်ခ်ထဲက ဆိုက် တစ်ခုခုမှာ အဲ့ဒီဇာတ်ကားနာမည်ကို ရိုက်ထည့်၊ ကိုယ်စာတန်းထိုးစေချင်တဲ့ ဘာသာစကားကို ရွေးပေးရပါမယ်၊ အင်္ဂလိပ်စာ ကိုပဲ ရွေးမယ်ထင်ပါတယ်။ အဲ့ဒီနာမည်နဲ့တွေ့တဲ့ ဖိုင်ကို ဒေါင်းပြီး အထဲက srt ဖိုင်လေးကို ယူလိုက်ပါ။ ပြီးရင် အခုနက ကိုယ် စာတန်းထိုးစေချင်တဲ့ ဇာတ်ကားနဲ့ ဖိုလ်ဒါ တစ်ခုထဲမှာ ထည့်လိုက်ပါ။ ဖိုင်အမျိုးအစားကွဲသွားတာက လွဲရင် ဖိုင်နာမည်ပေးပုံချင်း တူနေရပါမယ်။ ဥပမာ Swordfish.avi ဆိုတဲ့ ဗွီဒီယိုဖိုင်ဆိုရင် Swordfish.srt ဆိုပြီး တူအောင်ပေးပြီးရင် ဖွင့်ကြည့်လိုက်ပါ။ ကိုယ်ထည့်ထားတဲ့ ဘာသာစကားနဲ့ စာတန်းထိုးနေတာကို တွေ့ပါလိမ့်မယ်။ အင်္ဂလိပ်စကားကို လေ့လာချင်တဲ့သူတွေ ကိုယ် စိတ်ဝင်စားတဲ့ နည်းလမ်းနဲ့ လေ့လာတာမျိုးဖြစ်တော့ ပိုထိရောက်မယ်လည်း ထင်ပါတယ်။
အဲ့ဒီ srt ဖိုင်တွေကို အောက်က ဆိုက်တွေမှာ ရှာပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

All Subtitle Website Links...www.allsubs.org
http://www.moviesubtitles.net/
http://www.tvsubtitles.net/
http://www.divxsubtitles.net/
http://www.subs.to/
http://dvd-subtitles.com
http://www.subtitles.cz/en/
http://subscene.com/filmsearch.aspx?title=Battle+Los+Angeles+&Submit=Search+%5BSubscene%5D
http://www.allsubs.org
http://www.subtitlesource.org/
http://www.tvsubtitles.net/
http://subscene.com/default.aspx
http://5sub.com/Default.aspx
http://batharchaw.blogspot.com/2011/09/blog-post_22.html

Ipoh သို့အလည်တစ်ခေါက်(18.11.2011)

"့ အင်္ဂလိပ်စာသင်ကြားရေး "

Lightof Saw created the doc:
www.nonstopenglish.com

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး
ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ
အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary
Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်
Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email
Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ

တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။


www. englishclub.com

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ
website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို
ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website
ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်
(Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင်
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကို

လည်း အခမဲ့ email
နဲ့ ဖြေကြားပေးပါသေးတယ်။

www.freeenglish.com

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့
ebook တွေကို download ရယူ နိုင်ပါတယ်။

www.rong-chang.com

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့
သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် ကျွန်တော်
တို့လို english ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက်
သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့်
လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

www.englishathome.com

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking
games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။

www.nylanguageexchnage.com


ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို
မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ -
ပြင်သစ်စကား သင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့
french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

www.roseofyork.co.uk

ဒီ website ကိုတော့ the rose of york english college က
လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business

english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား
လေ့လာနိုင်ကြပါတယ်။


www.expertenglish.com

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate)
နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ - one
stop english perfection program မျိုးတွေနဲ့ပါ။

www.worldenglish.com

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ english

ဘာသာလေ့လာသူတွေအနေနဲ့ Highest quality english language resources တွေကို
ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က
မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့
font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်
ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်
များစွာသင့်လျော်ပါတယ်။

www.learnenglish.org.uk

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု
quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download
ရယူနိုင်ကြပါတယ်။
WebRepOverall rating

Wednesday, November 9, 2011

ဝတ်မပြုခင် အနေကဇာတင် ကင်းစင်အန္တရာယ် တန်ခိုးကြွယ်

ကျွန်တော်တို့သည် ဘုရားရုပ်ပွားတော်,ဆင်းတုတော်များကို “အနေကဇာတင်”သည်ဟူ၍ သိကြပါသည်။
မိမိတို့တတ်နိုင်သည့်အင်အားလျှော်စွာ မြေ,သစ်သား,အင်္ဂတေ,အုတ်,ကျောက်,သံ,ကြေး,ငွေ,ရွှေ စသည်တို့ဖြင့်
ထုလုပ်ကြပြီး ဘုရား၊ရုပ်တု၊ဆင်းတုတော်တို့ကို အနေကဇာတင်လေ့ရှိကြပါသည်။ထို့ပြင် ဘုရားဓာတ်ပုံ ပန်းချီ
ကား စသည်တို့ကိုလည်း အနေကဇာတင်ကြပါသည်။


အနေကဇာတင်ခြင်းဟူသော စကားလုံးမှာ ပါဠိဝေါဟာရ“အနေကဇာတိ”နှင့် မြန်မာဝေါဟာရ“တင်”ခြင်းကို
ပေါင်းစပ်ခေါ်ဆိုခြင်းဖြစ်၏။အနေကဇာတိသံသာရံ အစချီသော ဥဒါန်းဂါထာတို့ကို ရွတ်ဆိုလျှက် ဘုရားအဖြစ်
သို့ တင်မြှောက်ပူဇော်ခြင်း ဟူ၍ အဓိပ္ပာယ်ရပါသည်။ဆိုလိုသည်မှာ ရုပ်ပွားဆင်းတုတော်များကို ဘုရားအဖြစ်သို့
ရောက်ကြောင်း ဗုဒ္ဓဘိသေက မင်္ဂလာသဘင် ဆင်ယင်ပူဇော်ခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားလောင်းများ ဘုရားအဖြစ်သို့ရောက်လျှင်ရောက်ခြင်း အနေကဇာတိသံသာရံ အစချီသော
ဥဒါန်းဂါထာတို့ကို ကျူးရင့်ပါသည်။ဥဒါန်းကျူးရင့်သည်ဆိုသည်မှာ ဝမ်းမြောက်ခြင်းဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားသည် သဗ္ဗညုတ ဉာဏ်ကိုရ၍ ဘုရားအဖြစ်သို့ရောက်တော်မူစ လွန်စွာနှစ်သက်အားရတော်မူလှ
သဖြင့် စိတ်တော်ဖြင့် အနေကဇာတိသံသာရံ အစချီသော နှစ်ဂါထာခွဲကို ကျူးရင့်တော်မူလေ၏။ဤဥဒါန်းကို
စိတ်တော်ဖြင့် ကျူးရင့်တော်မူခြင်းဖြစ်၍ “မနသာ ဥဒါန်း”ဟူ၍လည်းကောင်း၊ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်
ခြင်း အစဦးဆုံး စိတ်တော်ဖြင့် မြွက်ဆိုသော စကားဖြစ်၍“ပထမ ဗုဒ္ဓဝစန”ဟူ၍လည်းကောင်း ခေါ်ဆိုရလေ၏။
အနေကဇာတင်ခြင်းကို ရဟန်းသာမဏေများသာမက လူပုဂ္ဂိုလ်တို့လည်းဆောင်ရွက်နိုင်ပါသည်။ဗုဒ္ဓဘာသာ
ဝင်တို့သည် မိမိအိမ်တွင်ရှိသော ရုပ်ပွားဆင်းတုတော်ကို အနည်းဆုံး တစ်ကြိမ်တစ်ခါ အနေကဇာတင် အခမ်း
အနားပြုလုပ်လေ့ရှိပါသည်။လူပုဂ္ဂိုလ်တို့သည် အနေကဇာတင် ဂါထာတော်များကို ရွတ်ဆိုပူဇော်နိုင်ပါသည်။ပူ
ဇော်ကောင်းပါသည်။မိမိရှေ့မှောက်တွင်ရှိသော ရုပ်ပွားဆင်းတုတော်ကို ရှေးဦးစွာ အနေကဇာတင်ပြီးမှ ရှိခိုး
ပူဇော်ခြင်း၊သီလဆောက်တည်ခြင်း၊ပုတီးစိတ်ခြင်း၊ပရိတ်တရားတော်များရွတ်ခြင်းစသည်တို့ကို ဆောင်ရွက်ပါက
ထူးခြားသော လောကီလောကုတ္တရာနှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိခံစားနိုင်ပါမည်။ အနေကဇာကို
အထပ်ထပ်တင်ခြင်းကြောင့် တန်ခိုးအာနုဘော်အထူးတိုးတက်၍ ကြီးမားသောအကျိုးအာနိသင်ရရှိပါမည်။
ရဟန်းခံပြီးသော ရဟန်းကို ထပ်၍ကမ္မဝါဖတ်ရာ၌(သိက္ခာထပ်ရာ၌)အလွန့်အလွန် ထူးချွန်မွန်မြတ်သောခိုင်
မြဲခြင်းအကျိုးကိုသာလျှင်မြင်ကြ၍ သိမ်ထပ်ခြင်းအမှုကိုပြုလုပ်ကြသကဲ့သို့ ဤသာသနာတော်၌ စေတီ၊ရုပ်ပွား
ဆင်းတုတော်တို့ကို အနေကဇာတိသံသာရံ အစချီသော မြတ်စွာဘုရား၏စကားတော်ဖြင့် ဗုဒ္ဓဘိသေက မင်္ဂလာ
သဘင်ကို ထပ်ခါထပ်ခါပြုလုပ်ရာ၌ အလွန့်အလွန်မွန်မြတ်သော တန်ခိုးကြီးခြင်း၊အာနုဘော်ကြီးခြင်း အစရှိသော
အကျိုးအာနိသင်တို့ကိုသာလျှင်မြင်ကြ၍ ထပ်ခါထပ်ခါ ပြုလုပ်ကြပါသည်။အနေကဇာတင်စဉ် ရုပ်ပွားတော်မှ
ရောင်ခြည်တော်များကွန့်မြူးသည်ကို တွေ့ကြုံဖူးမြင်ရသူများစွာရှိ၏။

သံဃာတော်များကို ပင့်ဖိတ်၍ အနေကဇာတင်မည်ဆိုလျှင် ဘုရားဒါယကာ,ဒါယိကာမတို့သည် တံခွန်၊
ကုက္ကား၊မုလေးပွား၊အောင်သပြေ၊နေဇာမြက်၊ဆီမီး၊အမွှေးနံ့သာ၊ငွေဖလား၊ပန်းပေါက်ပေါက်နှင့် ငွေအကြွေများ
အဆင်သင့်ဖြစ်ရန်ဆောင်ရွက်ထားရပါမည်။ပင့်ဖိတ်သော သံဃာတော်အပါးအရေအတွက်ကိုလိုက်၍ တံခွန်၊
ကုက္ကား၊အောင်သပြေတို့ကို စီစဉ်ထားရန်လိုပါသည်။


ယခုအခါ အနေကဇာတင်ရာတွင် ဥဒါန်းပါဠိတော်ပါအတိုင်း တင်လေ့ရှိကြပါသည်။ဗုဒ္ဓဘိသေကအနေကဇာ
တင်ခြင်း မင်္ဂလာသဘင်ကို အောက်ပါအတိုင်း ပြုလုပ်ကြပါသည်။



ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း



၁။နမောတဿ မဟာပဏာမ။




နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။(၃-ခေါက်)

၂။မနသာဥဒါန်းဂါထာတော်(အနေကဇာတိသံသာရံ ဂါထာ)


(က)အနေကဇာတိ သံသာရံ၊




သန္ဓာဝိဿံ အနိဗ္ဗိသံ။




ဂဟကာရံ ဂဝေသန္တော၊




ဒုက္ခာ ဇာတိ ပုနပ္ပုနံ။




(ခ)ဂဟကာရက ဒိဋ္ဌောသိ၊




ပုနဂေဟံ န ကာဟသိ။




သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊




ဂဟကူဋံ ဝိသင်္ခတံ။




ဝိသင်္ခါရ ဂတံ စိတ္တံ၊




တဏှာနံ ခယ မဇ္ဈဂါ။(၃-ခေါက်)



၃။ပဋိစ္စသမုပ္ပါဒ် အနုလောမ




အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊သင်္ခါရ ပစ္စယာ ဝိညာဏံ၊ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊
သဠာယတန ပစ္စယာ ဖေဿာ၊ဖဿ ပစ္စယာ ဝေဒနာ၊ဝေဒနာ ပစ္စယာ တဏှာ၊တဏှာ ပစ္စယာ ဥပါဒါနံ၊ဥပါဒါန
ပစ္စယာ ဘဝါ၊ဘဝ ပစ္စယာ ဇာတိ၊ဇာတိ ပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ
ဝန္တိ၊ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ။

၎။ဝစသာ ဥဒါန်းဂါထာတော်(ယဒါဟဝေ ပထမဂါထာ)


ယဒါဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊



အာတာပိနော ဈာယတော ဗြဟ္မဏဿ။



အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊



ယတော ပဇာတိ သဟေတု ဓမ္မံ။



၅။ပဋိစ္စသမုပ္ပါဒ် ပဋိလောမ




အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊သင်္ခါရ နိရောဓာ ဝိညာဏနိရောဓော၊ဝိညာဏ
နိရောဓာ နာမရူပ နိရောဓော၊ နာမရူပ နိရောဓာ သဠာယတန နိရောဓော၊သဠာယတန နိရောဓာ ဖဿ နိရော
ဓော၊ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊တဏှာ နိရောဓာ ဥပါဒါန နိရော
ဓော၊ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊ဘဝ နိရောဓာ ဇာတိ နိရောဓော၊ဇာတိ နိရောဓာ ဇရာမရဏံ၊သောက
ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ။
၆။ဝစသာ ဥဒါန်းဂါထာတော်(ယဒါဟဝေ ဒုတိယဂါထာ)


ယဒါဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊



အာတာပိနော ဈာယတော ဗြဟ္မဏဿ။



အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊



ယတော ခယံ ပစ္စယာနံ အဝေဒိ။



၇။ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ပဋိလောမ။



အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊သင်္ခါရ ပစ္စယာ ဝိညာဏံ၊ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊
သဠာယတန ပစ္စယာ ဖေဿာ၊ဖဿ ပစ္စယာ ဝေဒနာ၊ဝေဒနာ ပစ္စယာ တဏှာ၊တဏှာ ပစ္စယာ ဥပါဒါနံ၊ဥပါဒါန
ပစ္စယာ ဘဝါ၊ဘဝ ပစ္စယာ ဇာတိ၊ဇာတိ ပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ
ဝန္တိ၊ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ။

အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊သင်္ခါရ နိရောဓာ ဝိညာဏနိရောဓော၊ဝိညာဏ
နိရောဓာ နာမရူပ နိရောဓော၊ နာမရူပ နိရောဓာ သဠာယတန နိရောဓော၊သဠာယတန နိရောဓာ ဖဿ နိရော
ဓော၊ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊တဏှာ နိရောဓာ ဥပါဒါန နိရော
ဓော၊ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊ဘဝ နိရောဓာ ဇာတိ နိရောဓော၊ဇာတိ နိရောဓာ ဇရာမရဏံ၊သောက
ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ။
၈။ဝစသာ ဥဒါန်းဂါထာတော်(ယဒါဟဝေ တတိယဂါထာ)


ယဒါဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊



အာတာပိနော ဈာယတော ဗြဟ္မဏဿ။



ဝိဒူပယံ တိဋ္ဌတိ မာရသေနံ။




သူရိယောဝ ဩဘာသယ မန္တလိက္ခံ။



၉။ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်




ဟေတု ပစ္စယော၊အာရမ္မဏ ပစ္စယော၊အဓိပတိ ပစ္စယော၊အနန္တရ ပစ္စယော၊သမနန္တရ ပစ္စယော၊သဟဇာတ
ပစ္စယော၊အညမည ပစ္စယော၊နိဿယ ပစ္စယော၊ဥပနိဿယ ပစ္စယော၊ပုရေဇာတ ပစ္စယော၊ပစ္ဆာဇာတ ပစ္စယော၊
အာသေဝန ပစ္စယော၊ကမ္မ ပစ္စယော၊ဝိပါက ပစ္စယော၊အာဟာရ ပစ္စယော၊ဣန္ဒြိယ ပစ္စယော၊ဈာန ပစ္စယော၊
မဂ္ဂ ပစ္စယော၊သမ္ပယုတ္တ ပစ္စယော၊ဝိပ္ပယုတ္တ ပစ္စယော၊အတ္ထိ ပစ္စယော၊နတ္ထိ ပစ္စယော၊ဝိဂတ ပစ္စယော၊အဝိဂတ
ပစ္စယောတိ။





၁၀။ဇယန္တော စသောဂါထာများ(အောင်ဂါထာများ)



(က)ဇယန္တော ဗောဓိယာမူလေ၊သကျာနံ နန္ဒိ ဝဍ္ဎနော။ဧဝ မေဝ ဇယော ဟောတု၊ဇယဿု ဇယမင်္ဂလံ။
(ခ)အပရာဇိတ ပလ္လင်္ကေ၊သိသေ ပုထု ဝိပုက္ခလေ။အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊အဂ္ဂပတ္ထော ပမောဒတိ။
(ဂ)သုနက္ခတ္တံ သုမင်္ဂလံ၊သုပ္ပဘာတံ သုဟုဋ္ဌိတံ။သုခဏော သုမုဟုတ္တောစ၊သုယိဋ္ဌံ ဗြဟ္မစာရိသု။
(ဃ)ပဒက္ခိဏံ ကာယကမ္မံ၊ဝါစာကမ္မံ ပဒက္ခိဏံ။ပဒက္ခိဏံ မနောကမ္မံ၊ပဏီဓိတေ ပဒက္ခိဏေ။
(င)ပဒက္ခိဏာနိ ကတွာန၊လဘန္တတ္ထေ ပဒက္ခိဏေ။


၁၁။အဆုံးသတ်၌“တေအတ္ထလဒ္ဓါ စသောလေးပါဒ”(၃-ခေါက်)


(တေအတ္ထလဒ္ဓါ သုခိတာ၊ဝိရုဠှာ ဗုဒ္ဓသာသနေ။အရောဂါ သုခိတာဟောထ၊သဟ သဗ္ဗေဟိ ညာတိဘိ။)
ဘုရား အနေကဇာတင်ပါဠိတော်ပြီး၏။



အနေကဇာတင် ဆုံးအောင်ရွတ်ပြီးလျှင် အန္တရာယ်ကင်းစိမ့်သောငှာ မေတ္တသုတ်၊ဝဋ္ဋသုတ်ပရိတ်တော်၊ဘုရား
ဂုဏ်၊တရားဂုဏ်၊သံဃာ့ဂုဏ်၊ယဒုန္နိမိတ္တံ သုံးဂါထာနှင့် ဘဝတုသဗ္ဗမင်္ဂလာ သုံးဂါထာတို့ကို ဆက်လက်ရွတ်ဆို
တော်မူကြလေသည်။




အနေကဇာတင် ဂါထာတို့ဖြင့် ရွတ်ဆိုပူဇော်ကန်တော့သူတို့မှာ ကျက်သရေမင်္ဂလာ တိုးပွားလာသည့်အပြင်
ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှ ကင်းစင်ပ၍ တန်ခိုးကြွယ်ကာ အောင်မြင်မှုရကြမည်မှာ
မလွဲဧကန်ဖြစ်ပါသည်ခင်ဗျာ............