Subscribe:

Pages

လှိုက်လဲစွာကြိုဆိုပါသည်...........

Sunday, March 18, 2012

Window တက်လာရင် မိမိနာမည်ကိုခေါ်ပြီးတက်လာအောင် လုပ်ကြည့်မယ်

ိုကွန်ပျူတာကို သယ်ရင်းတို့နာမည်နဲ့ကြိုဆိုခိုင်းရအောင်ဗျာ....

နေရာတကာ welcome welcome နဲ့ဗျာ..computer ကလည်းဖွင့်လိုက်တာနဲ့ welcome ချင်လို့တဲ့....ဟဲဟဲ

အောက်ကကျနော်ပေးထားတဲ့ code ကို notepad ထဲထည့်လိုက်ရင် welcome ဖြစ်သွားတယ်ဗျာ.....

လုပ်ပုံလုပ်နည်းကတော့ အောက်ကကုဒ်ကို copy ကူးပြီး Runbox(Win+R) ထဲတွင် notepad လို့ရိုက်ပြီး paste

လုပ်လိုက်ပါ။ ပြီးရင် save တဲ့အခါမှာ voice.vbs နဲ့ save ပါ။

Dim speaks, speech
speaks="Welcome to your PC, Myo Win Thu"
Set speech=CreateObject("sapi.spvoice")
speech.Speak speaks

အဲ Welcome to your PC, Myo Win Thu နေရာမှာသယ်ရင်းတို့နာမည်ထည့်ပေါ့ဗျာ...ကျနော့်နာမည်ကတော့ computer ကမပီဘူး...သူပဲ့စကားမတတ်လားတော့မသိဘူး....ဟဲဟဲ

ပြီးရင်ရလာတဲ့ voice.vbs ဖိုင်လေးကို copy ကူးပြီးတော့ My computer(Win+E) ကိုဖွင့်လိုက်ပါ။...

-Win XP သမားတွေအတွက်က C:\Documents and Settings\All Users\Start Menu\Programs\Startup

-Win Vista & Win 7 သမားတွေကတော့ C:\Users\ User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup


ခုနက copy ကူးထားတဲ့ဖိုင်ကို အပေါ်က Path လမ်းကြောင်းအတိုင်းသွားပြီး paste လုပ်လိုက်ပါ။

ပြီးရင် Control Panel(Runbox ထဲတွင် control ရိုက်လည်းရပါတယ်) ထဲကိုသွားပြီး sound ဆိုတဲ့ tab ကိုသွား Sound Scheme

ဆိုတဲ့နေရာမှာ No Sounds ဆိုတာကိုရွေးပေးရပါမယ်။ ပြီးပါပြီခင်ဗျား......

ကဲသယ်ရင်းများလုပ်နည်းကတော့နည်းနည်းအလုပ်ရှုပ်ပါတယ်..လန်းချင်တဲ့သူတွေကတော့ထည့်ပေါ့ဗျာ..ကျနော့်လို..ဟဲဟဲ

ကဲအောက်မှာကဘယ်လိုပြန်ဖျက်ရမလဲဆိုတာပြောမယ်နော်......

-ဖျက်နည်းကတော့လွယ်ပါတယ်။ ခုနကပေးထားတဲ့ Path လမ်းကြောင်းအတိုင်းသွားပြီးဖျက်လိုက်ရင်ရပါပြီခင်ဗျား။

-မဖျက်ချင်သူများအတွက်ကတော့ Runbox(Win+R) တွင် msconfig လို့ရိုက်လိုက်ပါ။ System Configuration ဆိုတဲ့ box

တစ်ခုကျလာပါမယ်။ အဲဒီထဲက startup အောက်မှာ voice ဆိုတာကိုအမှန်ခြစ်လေးဖျက်လိုက်ပါ။ ပြီးရင် Ok လိုက်ပါ။

restart နဲ့ exit without restart ဆိုတာပေါ်လာလိမ့်မယ်။ ကြိုက်တာရွေးလို့ရပါတယ်။

သယ်ရင်းအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။

ထုံးစံအတိုင်း..အဆင်ပြေရင်ကော်မန့်...အဆင်မပြေရင်ဝေဖန်ပေါ့ဗျာ......

( ဒီဘလော့လေးကို မျိုးဝင်သူက ရေးဖူးပါတယ် ။ အဲ့တုန်းက ကျွန်တော်တောင်မဖတ်လိုက်ရဘူး ။ ဒီနေ့မှတွေ့လို့ ပြန်တင်ပေးလိုက်တယ် )

0 comments:

Post a Comment